Home
အားကစား
တိုက်စစ်မှူး ဆန်းချက်ဇ် အသင်းဟောင်း အူဒီးနိစ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့
DVB
·
August 12, 2024
Photo-Reuters

ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အသင်းဟောင်း အူဒီးနိစ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့သွားပါတယ်။

မနှစ်ရာသီက အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ဆန်းချက်ဇ်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က အသင်းဟောင်း အူဒီးနိစ်ကို ၂ နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း အူဒီးနိစ်အတွက် ၁၁၂ ပွဲ ကစားခဲ့ပြီး ၂၁ ဂိုး သွင်းခဲ့သူပါ။

အဲဒီနောက် ဘာစီလိုနာ၊ အာဆင်နယ်နဲ့ မန်ယူအသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အင်တာမီလန်ဆီ ပြောင်းရွှေ့ခဲ့ပြီး မာဆေးအသင်းမှာလည်း တရာသီကြာ သွားရောက်ကစားခဲ့ပါသေးတယ်။

ဆန်းချက်ဇ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ စတင်မယ့် စီးရီးအေပွဲစဉ်မှာ အသင်းဟောင်း အူဒီးနိစ်နဲ့အတူ တကျော့ပြန် ပွဲထွက်ကစားခွင့်ရဖို့ ရှိနေပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013