Home
အားကစား
အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကို ၂၀၂၇ ခုနှစ်အထိ မန်ယူ စာချုပ်သက်တမ်းတိုး
DVB
·
August 16, 2024
Photo -REUTERS

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ လာမယ့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ၁ နှစ်တိုးမြှင့်ခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်ဟာ မန်ယူအသင်းအတွက် ပွဲပေါင်း ၂၃၄ ပွဲကစားခဲ့ပြီး ၇၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှ ၆၇ ကြိမ် ပြုလုပ်ထားပါတယ်။

အသက် ၂၉ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး ၂၀၂၆ အထိကို စာချုပ်သက်တမ်းရှိထားသူဖြစ်ပါတယ်။

၂၀၂၃ ဇူလိုင်လမှာစပြီး  ဖာနန်ဒက်က မက်ဂွိုင်းယားရဲ့  အသင်းခေါင်းဆောင်ရာထူးကို ဆက်ခံနိုင်ခဲ့သလို လက်ရှိနည်းပြ တန်ဟက်ဂ်ရဲ့  အဓိက ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဖာနန်ဒက်စ်ရဲ့  ခြေစွမ်းကို အသင်းခေါင်းဆောင်ဟောင်းတွေဖြစ်ကြတဲ့ ဂယ်ရီနဗီးလ် နဲ့ရွိုင်းကိန်းတို့က ဝေဖန်ခဲ့ဖူးပါတယ်။

ဖာနန်ဒက်စ်ကတော့ သူခြေစွမ်းမပြနိုင်ဘဲ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013