ချဲလ်ဆီးအသင်းဟာ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပါတယ်။ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ နီးပါး အသုံးပြုခဲ့ပြီးဖြစ်ပေမဲ့ အိုဆီမန်ကို ခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းလာခဲ့တာပါ။
နာပိုလီအသင်းဟာ အိုဆီမန်ကို ရောင်းချမယ်ဆိုရင် ကစားသမား အလိုက်ပေး ကမ်းလှမ်းဖို့ တောင်းဆိုထားပါတယ်။
ချဲလ်ဆီးအသင်းက တိုက်စစ်မှူး လူကာကူကို အလိုက်ပေးရမယ့်အပြင် အိုဆီမန် အတွက်လည်း ပေါင် ၃၉ သန်းဝန်းကျင် အသုံးပြုမှ ခေါ်ယူနိုင်လိမ့်မယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။
တိုက်စစ်မှူး လူကာကူဟာ မနှစ်က ရိုးမားအသင်းမှာ အငှားထွက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
လက်ရှိ နာပိုလီနည်းပြ ကွန်တီဟာလည်း လူကာကူကို စီးရီးအေဆီပြန်ခေါ်ဖို့ စည်းရုံးသိမ်းသွင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။
Photo-Reuters