အာဆင်နယ်အသင်းက ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မီကဲမာရီနိုကို ပေါင် ၃၂ ဒသမ ၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။
မာရီနိုဟာ ယူရိုပြိုင်ပွဲချန်ပီယံ စပိန်အသင်းမှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ယူရိုပွဲစဉ် ၇ ပွဲ စလုံး ပါဝင်ခွင့်ရကာ ဂျာမနီနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်မှာပါ အသင်းအတွက် အနိုင်ဂိုးသွင်းပေးခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် မာရီနိုဟာ ၂၀၁၈ ခုနှစ်က နယူးကာဆယ်အသင်းကနေ ဆိုစီဒက်ကို ပြောင်း ရွှေ့လာခဲ့သူဖြစ်ပြီး စပိန်မှာ ၆ ရာသီကြာ ကစားခဲ့ပါတယ်။
ဒါ့အပြင် မာရီနိုဟာ ဆိုစီဒက်အသင်းနဲ့အတူ ဥရောပဝင်ခွင့် ၄ ကြိမ် ဆက်တိုက်ရရှိအောင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။
အပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်အသင်းဟာ ဂိုးသမား ဒေးဗစ်ရာယာ၊ နောက်ခံလူ ကာလာဖီအိုရီတို့ကို ခေါ်ယူထားတာကြောင့် မာရီနိုကိုခေါ်ယူမှုက တတိယမြောက် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဒုတိယသာရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ရာသီသစ်အတွက် ကစားသမား ၃ ဦးကို ခေါ်ယူ အားဖြည့်ထားပြီ ဖြစ်ပါတယ်။