ဝုဗ်အသင်းဟာ အာဆင်နယ်ဂိုးသမား အာရွန်ရမ်စ်ဒေးကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကြိုးပမ်းနေ ပါတယ်။
အင်္ဂလန်ဂိုးသမားဟာ မနှစ်ကရာသီမှာ စပိန်ဂိုးသမားဒေးဗစ်ရာယာ ရောက်ရှိလာပြီး နောက် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရတာပါ။
မနှစ်ကရာသီကတည်းက ဟော်လန်ကလပ် အိုင်းယက်စ်က ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အာဆင်နယ်ဘက်က ပယ်ချခဲ့တာပါ။
လက်ရှိအပြောင်း အရွှေ့မှာတော့ ဝုဗ်အသင်းဘက်က အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းချက်ကို အာဆင်နယ်ဘက်က လက်ခံစဉ်းစားဖို့ရှိပေမဲ့ အပြီးသတ်ရောင်းချဖို့ပဲ ဆန္ဒရှိနေတာပါ။
ဝုဗ်ဘက်က အငှားနဲ့ခေါ်ယူပြီးမှသာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ ရမ်စ်ဒေးကို ရောင်းချဖြစ်မယ်ဆိုရင် စပိန်ကလပ် အက်စ်ပန်ညိုဂိုးသမား ယိုအန်ဂါစီယာကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက ပြင်ဆင်ထားပါတယ်။
Photo-Reuters