တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အစီအစဉ်မရှိကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးတဦး ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ အသင်းရှိ တိုက်စစ်မှူးတွေအပေါ်မှာပဲ ယုံကြည်မှုထားရှိသွားမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ကိုင်ဟာဗက်ဇ်အပေါ် ယုံကြည်သလို ဂျေဆု အပေါ်မှာလည်း ယုံကြည်မှုထားရှိကြောင်း၊ ထရော့ဆတ်ဟာလည်း တိုက်စစ်မှူးနေရာမှာ ကစားနိုင်သူဖြစ်ကြောင်း နည်းပြအာတေတာ က ပြောပါတယ်။
အသင်းမှာ မတူညီတဲ့ တိုက်စစ်မှူးတွေ ရှိနေတာကြောင့် သူတို့အပေါ်မှာပဲ ယုံကြည်မှုထားပြီး တိုးတက်လာအောင် လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ နည်းပြအာတေတာက ပြောပါတယ်။