ထိပ်တန်းတိုက်စစ်မှူးတဦး ခေါ်ယူနိုင်မယ်ဆိုရင် အာဆင်နယ်ချန်ပီယံဖြစ်မယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ပြောသွားပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံလုပွဲနဲ့ ပတ်သက်လို့ သုံးသပ်ရာမှာ လက်ရှိချန်ပီယံမန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ အခြေအနေအပေါ် နှိုင်းယှဉ်သုံးသပ်ရမှာဖြစ်ပြီး အပြောင်းအရွှေ့ကာလမပိတ်ခင် ကစားသမားခေါ်ယူမှုတွေက ချန်ပီယံဆုဖလားကို အဆုံးအဖြတ် ပေးလိမ့်မယ်လို့ အလန်ရှီးယားက ဘီဘီစီရဲ့ အားကစားကဏ္ဍမှာ ရေးသားခဲ့ပါတယ်။
မန်စီးတီးအသင်းကို အနိုင်ယူကျော်ဖြတ်ဖို့ ခက်ခဲနေဆဲဖြစ်ပေမဲ့ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အလန်ှရှီးယားက ပြောပါတယ်။
အာဆင်နယ်အသင်းဘက်က ထိပ်တန်း တိုက်စစ်မှူးတဦးခေါ်ယူနိုင်မယ်ဆိုရင် ချန်ပီယံဖြစ်သွားနိုင်ကြောင်း အလန်ရှီးယားက ပြောသွားပါတယ်။
Photo-Reuters