အာဆင်နယ်အသင်းဟာ မနှစ်ကရာသီတုန်းက လူမျိုးရေးခွဲခြားတဲ့ ပရိသတ် ၂၄ ဦးကို ကွင်းထဲဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခဲ့ပါတယ်။
အိမ်ကွင်း အီမရိတ်မှာ လူမျိုးရေးခွဲခြားမှု အပါအဝင် ရိုင်းစိုင်းတဲ့ အပြုအမူတွေ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ အစရှိတဲ့ ပြစ်မှုကျူးလွန်တဲ့ ပရိသတ် ၂၁ ဦးရှိခဲ့တာပါ။
ဒါ့အပြင် အွန်လိုင်းပေါ်ကနေလည်း ကိုးကွယ်ယုံကြည်မှု၊ လူမျိုးရေးခွဲခြားမှုနဲ့ ရိုင်းစိုင်းတဲ့ စာတိုတွေ ပေးပို့မှုတွေ လုပ်ဆောင်တဲ့ ပရိသတ်က ၃ ဦး ရှိခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပရိသတ် ၁ ၄ ဦးကို ၃ နှစ် ကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ပိတ်ပင်ခဲ့ပြီး ၁၀ ဦးကို တနှစ်ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့တာပါ။
ရိုင်းစိုင်းစော်ကားမှုတွေနဲ့ လူမျိုးရေးခွဲခြားမှုတွေကို လုံးဝသည်းခံမှာမဟုတ်ဘဲ အသေးအမွှား အပြုအမူတွေကအစ လက်ခံမှာ မဟုတ်ကြောင်း၊ အာဆင်နယ်အသင်းဟာ လူသားတိုင်းကို နွေးထွေးစွာကြိုဆိုတဲ့ ခံစားချက်ရရှိဖို့ ရည်ရွယ်ကြောင်း စီမံခန့်ခွဲမှုဒါရိုက်တာ ရစ်ချက်ဂါးလစ်ခ်က ပြောပါတယ်။