အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းက စပိန်လက်ရွေးစင် ကွင်းလယ်လူ မယ်ရီနိုကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပါတယ်။
Daily Mirror သတင်းမှာဖော်ပြချက်အရ အာဆင်နယ်ဟာ မယ်ရီနိုအတွက် ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမူရရှိခဲ့ပြီး နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ မီခေးလ်မယ်ရီနိုဟာ ဆိုစီဒက်နဲ့ စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိတော့တာပါ။
အိုဆာဆူနာအသင်းနဲ့ ကစားသမားဘဝစတင်ခဲ့သူ မယ်ရီနိုဟာ ဒေါ့မွန်နဲ့ နယူးကာ ဆယ်အသင်းတွေမှာလည်း ပြောင်းရွှေ့ကစားခဲ့ဖူးပါတယ်။
၂၀၂၀ ပြည့်နှစ်ကတည်းက စပိန်လက်ရွေးစင် ကစားသမားဖြစ်လာခဲ့ပြီး စုစုပေါင်း ၂၈ ပွဲကစားခဲ့ပြီး ယူရို ၂၀၂၄ မှာ ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Photo-Reuters