အာဆင်နယ်နောက်ခံလူသစ် ကာလာဖီုအိုရီဟာ အသင်းသစ်မှာ အောင်မြင်မှုတွေရယူဖို့ ရည်မှန်းထားကြောင်း ပြောပါတယ်။
အသက် ၂၂ နှစ်ရှိ အီတလီလက်ရွေးစင်နောက်ခံလူဟာ အာဆင်နယ်ကို ပေါင် ၄၂ သန်းနဲ့ အပြီးသတ် ရောက်ရှိခဲ့တာပါ။
အသင်းသားတွေကို မိတ်ဆက်စကားပြောကြားရာမှာ အာဆင်နယ်ဆီ ပြောင်းရွှေ့ခွင့်ရလို့ ပျော်ရွှင်မိပြီး လာမယ့်ရာသီမှာ ကြီးကျယ်ခမ်းနားတဲ့အရာတွေ စွမ်းဆောင်ပြနိုင်ဖို့ ရည်မှန်းကြောင်း ကာလာဖီအိုရီက ပြောပါတယ်။
သူဟာ မနှစ်က အီတလီကလပ် ဘိုလော့ဂ်ညာအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကို ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အရပ် ၆ ပေ ၂ လက်မရှိ ဗဟိုနောက်ခံလူဟာ အီတလီအသင်း ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပြီး အလားအလာရှိတဲ့ နောက်ခံလူအဖြစ် ချီးကျူးခံထားရသူ ဖြစ်ပါတယ်။
Photo-Reuters