တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုဟာ အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိနေပြီလို့ အာဆင်နယ် နည်းပြ အာတေတာက ပြောသွားပါတယ်။
မန်ယူအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဂျေဆုက အာဆင်နယ်အတွက် သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့တာပါ။
ဂျေဆုဟာ မနှစ်ကရာသီက ဒူးဒဏ်ရာကနေ သက်သာလာပြီးနောက်ပိုင်း အကောင်းဆုံးခြေစွမ်း မရဘဲရှိနေခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ဂျေဆုဆီကနေ စိတ်အားထက်သန်မှုတွေ မြင်တွေ့ရသလို ပြီးခဲ့တဲ့ နွေရာသီကာလအတွင်းမှာ အများကြီးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ကာ ထိပ်တန်းအဆင့် ခြေစွမ်းပြန်လည်ရရှိနေပြီဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ဘရာဇီးတိုက်စစ်မှူး ဂျေဆုဟာ မနှစ်က ရာသီပြိုင်ပွဲစုံမှာ ၃၆ ပွဲကစားခဲ့ပြီး ၈ ဂိုးသွင်း ၈ ကြိမ်ဂိုးဖန်တီးမှုလုပ်ပေးထားပါတယ်။