ဖူဟမ်အသင်းဟာ အာဆင်နယ်ကွင်းလယ်လူ အမ်မလီစမစ်ရိုးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရသွားပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်ကစားသမားဟာ အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားပြီးနောက် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဖူဟမ်အသင်းဟာ စမစ်ရိုးအတွက် ကနဦးပေါင် ၂၇ သန်း ပေးချေရမှာဖြစ်ပြီး အောင်မြင်မှုအပေါ် မူတည်ပြီး ပေါင် ၇ သန်း ထပ်မံပေးချေရမှာပါ။
လွန်ခဲ့တဲ့ ၆ နှစ်က ကွင်းလယ်ကစားသမား မိုက်ကယ်ဆာရီအတွက် ပေါင် ၂၅ သန်းပေးချေကာ ခေါ်ယူခဲ့တာက အသင်းအတွက် အများဆုံးပြောင်းရွှေ့ကြေး ဖြစ်ခဲ့တာပါ။
အာဆင်နယ်အတွက်တော့ ၂၀၁၇ ခုနှစ်က ချိန်ဘာလိန်ကို လီဗာပူးဆီကို ပေါင် ၃၅ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် ကစားသမားတဦးအတွက် အမြင့်မားဆုံးပြောင်းရွှေ့ကြေး ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။