ဘာစီလိုနာအသင်းဟာ စပိန်လက်ရွေးစင် ကစားသမား ဒမ်နီအော်လ်မိုကို ခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ အကြိုသဘောတူညီမူရရှိခဲ့တယ်လို့ သိရပါတယ်။
ဂျာမန်ကလပ် လိုက်ပ်ဇစ် ကစားသမားဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးဆုကို ပူးတွဲ ရယူနိုင်ခဲ့သလို စပိန်အသင်းကို ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သူပါ။
ဘာစီလိုနာအသင်းဟာ အော်လ်မိုကို ၆ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ရာမှာ သဘောတူညီမူရရှိခဲ့ပေမဲ့ မိခင်ကလပ် လိုက်ပ်ဇစ်နဲ့ ဆက်လက်ဆွေးနွေးသွားရဦးမှာပါ။
လိုက်ပ်ဇစ်ဘက်ကတော့ အော်လ်မိုအတွက် ပြောင်းရွှေ့ကြေး လက်ငင်းရယူလိုနေပြီး ဘာစီလိုနာဘက်က ကမ်းလှမ်းလာနိုင်တဲ့ အရစ်ကျပေးချေမဲ့နည်းလမ်းကို လက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။
Photo-Reuters