စပိန်လူငယ်ကြယ်ပွင့် ယာမဲလ်အတွက် လုပ်ခလစာတိုးမြှင့်ပေးဖို့ စူပါအေးဂျင့် ဂျော့မန်ဒက်စ် က ဘာစီလိုနာကို တောင်းဆိုသွားပါတယ်။
ယာမဲလ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး စပိန်အသင်းနဲ့အတူ ချန်ပီယံဆုဖလားရယူနိုင်ခဲ့တာပါ စွမ်းဆောင်ရည်ကောင်းပြသပြီး ကမ္ဘာ့အဆင့် တက်လှမ်းလာခဲ့တဲ့ ယာမဲလ်ကို လုပ်ခတိုးပေးသင့်ကြောင်း မန်ဒက်စ်က ဘာစီလိုနာကို တင်ပြ တောင်းဆိုထားတယ်လို့ စပိန်သတင်းစာ SPORT မှာဖော်ပြပါတယ်။
ယာမဲလ်ဟာ ဘာစီလိုနာအတွက် အားကစားနဲ့ စီးပွားရေးဆိုင်ရာ စာချုပ်ချုပ်ဆိုမှုတွေမှာ များပြားတဲ့တန်ဖိုးရှိနေတာပါ။
အသက် ၁၇ နှစ်ရှိ ယာမဲလ်ဟာ ဘာစီလိုနာမှာ တပတ်လုပ်ခပေါင် ၂၇၀၀၀ သာရရှိနေပြီး အသင်းဖော်တွေထက် အလွန်နည်းပါးတဲ့ ပမာဏ ဖြစ်တယ်လို့သိရပါတယ်။