ယူရိုပြိုင်ပွဲဝင် စပိန်လက်ရွေးစင်အသင်းမှာခြေစွမ်းပြနေတဲ့ ဒမ်နီအော်လ်မိုကိုခေါ်ယူဖို့ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတွေက အပြိုင်ကြိုးပမ်းနေကြ ပါတယ်။
အသက်၂၆ နှစ်ရှိ ကွင်းလယ်တိုက်စစ် ကစားသမားဟာ စပိန်အသင်းရဲ့ အစောပိုင်းပွဲစဉ် ၄ ပွဲမှာ ၃ ပွဲအထိ အရန်ခုံထိုင်ခဲ့ရသူ အော်လ်မိုဟာ ပတ်ဒရီဒဏ်ရာရ သွားခဲ့တာကြောင့် ပွဲထွက်ခွင့်ရရှိလာခဲ့ပြီး ၃ ဂိုးသွင်း ၂ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့သူပါ။
အော်လ်မိုဟာ မိခင်ကလပ် လိုက်ပ်ဇစ်အသင်းနဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ ဇူလိုင် ၁၅ ရက်မှာ သက်တမ်း ကုန်ဆုံးမယ်လို့သိရပါတယ်။
ဒါပေမဲ့ အဲဒီအချိန်က ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲ ကစားရမယ့်နေ့ ဖြစ်တာကြောင့် ဇူလိုင် ၂၀ ရက် အထိ သက်တမ်းတိုးပေးထားတယ်လို့ ဆိုပါတယ်။
အော်လ်မိုရဲ့ စာချုပ်ဖျက်သိမ်ကြေးက ယူရိုသန်း ၆၀ ရှိပြီး ဘဏ္ဍာရေးအခက်အခဲရှိနေတဲ့ ဘာစီလိုနာ အသင်းထက်စာရင် မန်စီးတီးအသင်းက လက်ဦးမှု ရယူနိုင်ဖို့ အခွင့်အလမ်းများနေ ပါတယ်။
Photo-Reuters