စပိန် ဆယ်ကျော်သက်ကစားသမား လာမိန်းယာမယ်ဟာ ယူရိုဘောလုံးပြိုင်ပွဲရဲ့ စံချိန်သစ် ၂ ခု စိုက်ထူနိုင်ခဲ့ပါတယ်။
အသက် ၁၆ နှစ်နဲ့ ၃၃၈ ရက်သာရှိသေးတဲ့ ဘာစီလိုနာ ကြယ်ပွင့်ကစားသမားဟာ ခရိုအေးရှားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ အခုနှစ် ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပြီး တဂိုး ဖန်တီးနိုင်ခဲ့တာပါ။
ယာမယ်ဟာ ယူရိုပြိုင်ပွဲသမိုင်းတလျှောက် ပွဲထွက်ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သလို ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။
ယာမိန်းလာမယ်ဟာ လာမယ့်ပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် စံချိန်သစ်တစ်ခု ထပ်မံစိုက်ထူနိုင်မှာပါ။
ယူရိုပြိုင်ပွဲသမိုင်းမှာ ပိုလန်ကစားသမား ကက်စ်ပါကော့ဇ်လိုစကီးက အသက် ၁၇ နှစ် ၂၄၆ ရက်နဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး ယာမယ်က အသက် ၁၆ နှစ် ၃၃၈ ရက်နဲ့ စံချိန်သစ်စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။