အီတလီကလပ် အေစီမီလန်အသင်းဟာ စပိန်တိုက်စစ်မှူး မိုရာတာကို ၄ နှစ်စာချုပ်နဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။
အေစီမီလန်ဟာ မိုရာတာရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင် ၁၁ သန်းကို ပေးချေပြီး ခေါ်ယူနိုင်ခဲ့တာလို့ သတင်းတွေကဖော်ပြပါတယ်။
အသက် ၃၁နှစ်ရှိတိုက်စစ်မှူးဟာ စပိန်အသင်းကို လေးကြိမ်မြောက် ဥရောပချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့သူပါ။
မိုရာတာဟာ ရီးရဲလ် မက်ဒရစ်နဲ့ ကစားသမားဘဝစတင်ခဲ့ပြီး ဂျူဗင်တပ်နဲ့ ချဲလ်ဆီးအသင်းတွေမှာလဲကစားခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ အသက် ၃၁ နှစ်ရှိ မိုရာတာကို ၄ နှစ်စာချုပ်အပြင် နောက်ထပ်တနှစ်သက် တမ်း တိုးခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။