စပိန်ကို နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့တာက ကြေကွဲစရာကောင်းကြောင်း အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်က ပြောပါတယ်။
အင်္ဂလန်အသင်းဟာ အမှားတွေကို လေ့လာပြီး လာမယ့်ပြိုင်ပွဲတွေမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာဖြစ်ကြောင်း ဘယ်လင်ဟမ်က ပြောကြားခဲ့ပါတယ်။
ဘယ်လင်ဟမ်က “နည်းပြဆောက်ဂိတ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ကျနော်မှတ်ချက်မပေးလိုပါဘူး။ ကျနော်သူ့ကို လေးစားပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းရဲ့ အကောင်းဆုံး နည်းပြတဦးပါ။ သူဘယ်လိုပဲ ဆုံးဖြတ်ချက်ချချ ကျနော်ကတော့ အမြဲတမ်း လေးစား ချစ်ခင်နေမှာပါ”လို့ ပြောပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်က သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ မပြောချင်သေးကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ စာချုပ်ဟာ လာမယ့်ဒီဇင်ဘာလမှာ အဆုံးသတ်မှာဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ဗိုလ်လုပွဲ ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပေမဲ့ ရှုံးထွက် အဆင့်ပွဲစဉ်တွေ ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။