မန်စီးတီးအသင်းဟာ စပိန်နဲ့ လိုက်ပ်ဇစ်ကွင်းလယ်တိုက်စစ်ကစားသမား ဒမ်နီအော်လ်မိုကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။
အော်လ်မိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး စပိန် အသင်းကို ချန်ပီယံ ဖြစ်အောင်ကူညီနိုင်ခဲ့သူပါ။
အသက် ၂၆ နှစ်ရှိ စပိန်ကစားသမားဟာ မိခင်ကလပ် နဲ့ ၃နှစ်စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး များပြားတဲ့ပြောင်းရွှေ့ကြေးပေးနိုင်မှခေါ်ယူခွင့်ရဖို့ရှိပါတယ်။
မန်စီးတီးနဲ့အပြိုင် ဘာစီလိုနာအသင်းကလဲ ခေါ်ယူလိုနေပြီး အော်လ်မိုအတွက် ပထမ တကြိမ်ကမ်း လှမ်းချက်ကို လိုက်ပ်ဇစ်အသင်းက ပယ်ချခဲ့တာပါ။
အော်လ်မိုဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက်ကစားသမား တဦးဖြစ်ပြီး ဘာစီလိုနာကို ရွေးချယ်ဖို့ ဆန္ဒရှိနိုင်ပါတယ်။
ဒါပေမဲ့ စပိန်ကလပ်ရဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် မန်စီးတီးအသင်းဆီရောက်ဖို့ ဖြစ်လာနိုင် ကြောင်း မီဒီယာတွေက သုံးသပ်ရေးသားခဲ့ကြပါတယ်။
Photo-Reuters