မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ ဆော်ဒီကလပ် အယ်အစ်တီဟတ် အသင်းဆီ ပြောင်းရွှေ့ ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိခဲ့တယ်လို့သိရပါတယ်။
အသက် ၃၃ နှစ်ရှိ ဘယ်လ်ဂျီယံ ကစားသမားဟာ လာမယ့်ရာသီပြီးဆုံးချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
အပြောင်းအရွှေ့ သတင်းတွေတင်ဆက်နေတဲ့ ဂျာနယ်လစ်ရုဒီဂါလက်တီရဲ့ ဖော်ပြချက်အရ ဒီဘရိုင်းဟာ အယ်လ်အစ်တီဟတ်ဆီ ပြောင်းရွှေ့ဖို့ အသင်းတွေဘက်က ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
အယ်လ်အစ်တီဟတ်အသင်းဟာ မနှစ်က ဆော်ဒီလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းဖြစ်ပြီး ပြင်သစ်နည်းပြ လောရင့်ဘလန့်ကို တာဝန်ပေးထားတာပါ။
ဘင်ဇီမာ၊ ကန်တေ၊ ဖာဘင်ညို အစရှိတဲ့ ထိပ်တန်းကစားသမားတွေလည်း ကစားနေတာပါ။ အသက်အရွယ်အရ ငွေကြေးဆိုင်ရာကိစ္စတွေ စဉ်းစားရတော့မှာဖြစ်ပြီး အရာအားလုံးကို လမ်းဖွင့်ပေးထားကြောင်း ဒီဘရိုင်းက ပြောခဲ့ဖူးပါတယ်။