ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဆိုတာ အင်္ဂလန်အသင်းမှာ သက်သေပြသွားဖို့ လိုအပ်ကြောင်း မန်စီးတီးတိုက်စစ်ကစားသမား ဖီးလ်ဖိုဒမ်က ပြောသွားပါတယ်။
ဖိုဒမ်ဟာ မနှစ်က ပရီးမီးယားလိဂ်မှာ တနှစ်တာအကောင်းဆုံး ကစားသမားဆုရရှိခဲ့သူဖြစ်ပေမဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာတော့ ခြေစွမ်းပြဖို့ရုန်းကန်နေရတာပါ။
လိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပေမဲ့ အင်္ဂလန်အသင်းမှာ သက်သေပြသနိုင်ခြင်း မရှိသေးကြောင်း၊
နိုင်ငံအတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ လုပ်ဆောင်သွားချင်ပြီး လာယ့်ပွဲစဉ်တွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ဖို့ မျှော်လင့်ကြောင်း ဖီးလ်ဖိုဒမ်က ပြောပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်နဲ့ တွေ့ဆုံနေပါတယ်။
Photo-Reuters