မန်စီးတီးအသင်းဟာ ဘရာဇီးတောင်ပံကစားသမား ဆာဗင်ဟိုကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါဟာ မန်စီးတီးအတွက် အပြောင်းအရွှေ့ကာလမှာ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုပဲ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ်ရှိ ဆာဗင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ပြင်သစ်ကလပ် ထရိုယက်စ်ကနေ စပိန် ဂျီနိုအာအသင်းမှာ အငှားစာချုပ်နဲ့ ကစားခဲ့ပါတယ်။
ဂျီနိုအာအသင်းအတွက် လာလီဂါ ၃၇ ပွဲ ကစားထားပြီး ၉ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆာဗင်ဟိုဟာ အသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဆာဗင်ဟိုဟာ ပါရာဂွေးနဲ့ကစားခဲ့တဲ့ ပြီးခဲ့တဲ့လက ကိုပါပွဲစဉ်မှာလည်း လက်ရွေးစင်ကစားသမားဘဝ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘရာဇီးအသင်းအတွက်လည်း ၇ ပွဲ ကစားထားပါတယ်။
၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ထားတဲ့ မန်စီးတီးအသင်းဟာ ဩဂုတ် ၁၈ ရက်မှာ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
Photo-Reuters