မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာဟာ အသင်းမှာ နောက်ထပ် တရာသီ ဆက်နေပြီးနောက် ရာထူး ကနေ နုတ်ထွက်သွားဖို့ အစီအစဉ်ရှိနေပါတယ်။
စပိန်နည်းပြဟာ မန်စီးတီးနဲ့ အဓိကဆုဖလား ၁၅ ကြိမ်အထိရယူနိုင်ခဲ့ပြီးနောက် မတူညီတဲ့ပုံစံနဲ့ အသင်းတသင်းကို ကိုင်တွယ်ဖို့ ဆန္ဒပြင်းပြနေတာပါ။
နောက်ထပ် တရာသီ ဆက်လက်တာဝန်ယူပြီးတဲ့နောက်မှာတော့ အသင်းကနေ ထွက်ခွာသွားဖို့ နည်းပြ ဂွါဒီယိုလာက ဆန္ဒရှိနေတာပါ။
နည်းပြဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အပြီးမှာလည်း အသင်းမှာဆက်ရှိဖို့ထက် ထွက်ခွာဖို့က ပိုမိုနီးစပ်လာပြီဖြစ်တယ်လို့ ဝန်ခံစကားဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းမှာ ဂိုးသမားအီဒါဆန် အပါအဝင်၊ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား အစရှိတဲ့ ကစားသမားတွေဟာလည်း ထွက်ခွာနိုင်တဲ့ ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။
Photo - Reuters