မန်စီးတီးအသင်းဟာ ကွင်းလယ်တိုက်စစ်ကစားသမား ဖီးလ်ဖိုဒမ်ကို စံချိန်တင်လုပ်ခလစာ ပေးပြီး စာချုပ်သက်တမ်းတိုးဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဖိုဒမ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၉ ဂိုးအထိ သွင်းယူပြီး အသင်းကို ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ဖို့ ကူညီပေးခဲ့တာပါ။
ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံး ကစားသမားဆုလည်း ရရှိခဲ့တဲ့ ဖိုဒမ်ကို မန်စီးတီးအသင်းက လုပ်ခလစာတိုးပေးပြီး နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်လာခဲ့တာပါ။
ဖိုဒမ်ဟာ ၂၀၂၂ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ တပတ်ကို ပေါင် ၂ သိန်း ရရှိနေတာပါ။ မန်စီးတီးအသင်းက ဖိုဒမ်ကို တပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ အထိ တိုးမြှင့်ပြီး ၂၀၃၀ ပြည့်နှစ် အထိ စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့်ရှိကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။
ဖိုဒမ်ဟာ စာချုပ်သစ်အရ လုပ်ခလစာအများဆုံးရရှိတဲ့ ဗြိတိန်ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။