လာမယ့် နှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို အာဆင်နယ်အသင်းရရှိလိမ့်မယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က သုံးသပ်သွားပါတယ်။
လာမယ့် နှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အိုဝင်က သုံးသပ်ခဲ့ရာမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်မှာမဟုတ်တော့ဘဲ အဆင့်လေး နေရာလောက်ပဲ ရရှိနိုင်တယ်လို့ ပြောပါတယ်။
မန်စီးတီး ချန်ပီယံ မဖြစ်နိုင်တဲ့အတွက် အာဆင်နယ်အသင်းကချန်ပီယံဖြစ်ဖို့ အခွင့်အရေးအကောင်းဆုံးဖြစ်ပြီး လီဗာပူးက အဆင့် ၂၊ အက်စ်တန်ဗီလာက အဆင့် ၃ ရရှိလိမ့်မယ်လို့ အိုဝင်က ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီနှစ်ကြိမ်ဆက်တိုက် အဆင့် ၂ နေရာနဲ့ သာကျေနပ် ခဲ့ရ တာပါ။
လာမယ့် ရာသီမှာတော့ နှစ်ပေါင်း ၂၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ပြန်လည်ရရှိလိမ့်မယ်လို့ အိုဝင်က ခန့်မှန်းသုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters