Home
အားကစား
စပိန်ကွင်းလယ်လူ မာရီနိုကိုအပြီးသတ်ခေါ်ယူရန်  အာဆင်နယ်အရှိန်မြှင့် ကြိုးပမ်း
DVB
·
August 15, 2024
Photo -REUTERS

အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းက စပိန်ကွင်းလယ်လူ မာရီနိုကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။ 

အသက် ၂၈ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင် ကစားခဲ့ပြီး စပိန်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုဖလားရရှိအောင်စွမ်းဆောင်နိုင်ခဲ့သူပါ။

ဆိုစီဒက် အသင်းဘက်ကလည်း စာချုပ်သက်တမ်းသိပ်မကျန်တော့တဲ့ မာရီနိုကို ရောင်းချဖို့ အသင့်ရှိနေတယ်လို့ တယ်လီဂရပ်ဖ် သတင်းစာမှာဖော်ပြပါတယ်။

အာဆင်နယ်အသင်းဟာ မာရီနိုကိုခေါ်ယူနိုင်ဖို့အတွက်  နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့အပြီးသတ် နိုင်မယ်လို့ ယုံကြည်နေ ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013