စပိန်နိုင်ငံတဝန်းမှာ ပြင်းထန်တဲ့ အပူရှိန်ကို ကြိုတင်ခန့်မှန်းခဲ့ပြီး မြောက်ဘက်က ဘက်စ်ကာနဲ့ ကန်တာ ဘရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ အပူချိန် 42 C အထိ ရောက်နိုင်တယ်လို့ စပိန်မိုးလေဝသအေဂျင်စီ AEMET က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဘက်စ်ကာရဲ့ မြို့တော် ဘီလ်ဘောင်းမှာ အပူချိန် 45C ကို မွန်းလွဲ ၂ နာရီလောက်က နေရောင်အောက်မှာ ခံစားခဲ့ရပြီး လူတွေက သစ်ပင်တွေနဲ့ ထီးတွေအောက်မှာ အရိပ်ခိုခဲ့ကြပါတယ်။
စပိန်နိုင်ငံရဲ့ မြောက်ဘက်ဟာ နွေရာသီ အပူဒဏ်ကို ခံရတဲ့ တောင်ဘက်ထက် ပိုအေးပေမဲ့ ဘီလ်ဘောင်းလို မြို့ကြီးတွေဟာ နွေရာသီတချို့ရက်တွေမှာ နိုင်ငံတွင်း အပူချိန် အမြင့်ဆုံးကို ကြုံတွေ့ရတာ အထူးအဆန်းမဟုတ်ဘူးလို့ ဒေသခံတယောက်က ပြောခဲ့ပါတယ်။
Source-Reuters