ဘာစီလိုနာအသင်းဟာ လိုက်ပ်ဇစ်အသင်းက စပိန်လက်ရွေးစင်ကစားသမား ဒမ်နီအော်လ်မိုကို ၆ နှစ်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြကစားခဲ့ပြီး ဂိုးသွင်းဘုရင်ဆုရခဲ့သလို စပိန်အသင်းကိုလည်း ချန်ပီယံဖြစ် အောင်ကူညီနိုင်ခဲ့သူပါ။
အော်လ်မိုအတွက် ယူရိုသန်း ၆၀ ပေးချေခဲ့ရတယ်လို့ ဖော်ပြကြပြီး ဘာစီလိုနာအသင်းက စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရိုသန်း ၅၀၀ ထည့်သွင်းချုပ်ဆိုခဲ့ တယ်လို့သိရပါတယ်။
အော်လ်မိုဟာ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီထွက်ကစားသမား တဦးဖြစ်ပြီး ဒိုင်နမိုဇာဂရတ်မှာ ကစားသမားဘဝစတင်ရင်း ၂၀၁၉ ခုနှစ်က ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
အော်လ်မိုဟာ တဦးချင်းစွမ်း ဆောင်ရည်ကောင်းမွန်သလို ဧရိယာအတွင်းကနေသာမက အပြင်ဘက်ကနေလည်း ဂိုးသွင်းယူနိုင်စွမ်းရှိကြောင်း ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်မှာ ချီးကျူးရေးသားထား ပါတယ်။
photo-Reuters