
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့်ပေးတဲ့ ယာယီအကာအကွယ်ပေးတဲ့ အခြေအနေ (TPS) ကို ရပ်လိုက်ပြီလို့ အမေရိကန် အစိုးရက ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီး စစ်ကောင်စီကနေ စစ်ကော်မရှင်ကို အာဏာလွှဲပြောင်းလိုက်တာ၊ လာမယ့်နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာနဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား အပစ်ရပ် သဘောတူညီချက်ရတာတွေကြောင့် TPS ကို သက်တမ်းမတိုးတော့တာလို့ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ နိုင်ငံသားဖြစ်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီလို သက်တမ်းမတိုးတော့တဲ့အတွက် လက်ရှိ TPS ခွင့်ပြုချက်နဲ့ အမေရိကန်မှာ နေထိုင်သူတွေဟာ ရက်ပေါင်း ၆၀ အထိပဲ နေထိုင်ခွင့်ရတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်တဲ့အတွက် အမေရိကန်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို သမ္မတ ဂျိုးဘိုင်ဒန် အစိုးရက ယာယီအကာအကွယ်ပေးတဲ့ အခြေအနေ TPS ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပြီး တနှစ်တခါ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။


