
မက္ကဆီကိုအလယ်ပိုင်းမှာ ဘုရင်လိပ်ပြာတွေအတွက် ဘေးမဲ့တောတခုကို နိုဝင်ဘာ ၂၂ ရက်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပြီး သစ်ပင်တွေပေါ်မှာ လိမ္မော်ရောင် လိပ်ပြာသန်းပေါင်းများစွာကို တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။
ဘုရင်လိပ်ပြာတွေဟာ ကနေဒါကနေ အမေရိကန်ပြည်ထောင်စု၊ အဲဒီကတဆင့် မက္ကဆီကိုနိုင်ငံရဲ့ ဆောင်းရာသီမှာ နွေးတဲ့နေရာတွေဆီ မိုင် ၃,၀၀၀ လောက်ဝေးတဲ့ခရီးကို နှစ်စဉ်နှစ်တိုင်း ရွှေ့ပြောင်းနေထိုင်ကြတာပါ။
မတ်လအထိ မက္ကဆီကို ဘေးမဲ့တောတွေမှာ အခြေချနေထိုင်ကြပါတယ်။
ဆောင်းရာသီမှာ ရွှေ့ပြောင်းမှုဟာ နိုဝင်ဘာ ၂ ရက်မှာစတင်ခဲ့ပြီး ဘုရင်လိပ်ပြာဇီဝရပ်ဝန်း ဘေးမဲ့တောမှာ လိပ်ပြာတွေ ပထမဆုံးရောက်လာတာကို မှတ်တမ်းတင်ခဲ့ပါတယ်။
ဘေးမဲ့တောဟာ မီချွာကန်နဲ့ မက္ကဆီကိုပြည်နယ်တဝန်းမှာ ဟက်တာ ၅၆,၀၀၀ ကျော် ကျယ်ဝန်းပါတယ်။
မီချွာကန်ပြည်နယ်အလယ်ပိုင်းက ဆီအဲရာ ချင်ကွာ အပါအဝင် ခရီးသည်တွေအတွက် ဖွင့်ထားတဲ့ ဘေးမဲ့တော ၄ ခုရှိပါတယ်။
လိပ်ပြာအရေအတွက်ဟာ ၂၀၂၃-၂၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ပြီးခဲ့တဲ့ ရာသီကထက် ၂ ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ မက္ကဆီကိုအစိုးရက ဆိုပါတယ်။
ဒါဟာ မိုးခေါင်ရေရှား အခြေအနေတွေလျော့နည်းလာတာက အကြောင်းရင်း တစိတ်တပိုင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဘုရင်လိပ်ပြာ ဆိုတာ လိမ္မော်ရောင်တောက်တောက်နဲ့ အနက်အစင်းကြောင်းတွေ ပေါ်လွင်တဲ့ လိပ်ပြာကြီးတွေ ဖြစ်ပြီး မြောက်အမေရိကတိုက်မှာ အထင်ကရအဖြစ်ဆုံးနဲ့ ကမ္ဘာပေါ်မှာ ခရီးအဝေးဆုံး ရွှေ့ပြောင်းပျံသန်းတတ်တဲ့ လိပ်ပြာအမျိုးအစား ဖြစ်ပါတယ်။
Source: Reuters


