
မက္ကဆီကိုမြို့မှာ လုံခြုံရေးစိတ်မချရမှု၊ အစိုးရရဲ့လာဘ်စားမှုတွေအတွက်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား အမျိုးသားနန်းတော်အပြင်ဘက်မှာ ထိပ်တိုက်တွေ့ဆုံပြီး အဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ လွတ်လပ်ရေးအထိမ်းအမှတ်နေရာကနေ လမ်းတွေ၊ အိမ်ရာတွေကို ဖြတ်ပြီး ဇိုကာလိုကို ချီတက်ခဲ့တာ ဖြစ်ပါတယ်။
ဇိုကာလိုဟာ မြို့တော်ရဲ့ အဓိကရင်ပြင်ဖြစ်ပြီး အမျိုးသားနန်းတော်တည်ရှိသလို သမ္မတရှိန်းဘောင်းရဲ့ အိမ်နဲ့ ရုံးလည်းတည်ရှိပါတယ်။
မျက်နှာဖုံးစွပ်ထားတဲ့ ဆန္ဒပြသူတွေဟာ နန်းတော်မှာ အတားအဆီးတွေကို ချိုးဖျက်ရာကနေ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။
ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေ၊ အသုံးပြုတုံ့ပြန်ခဲ့ပြီး ဆန္ဒပြသူတွေက အတားအဆီးတွေကို တွန်းထိုးကန်ကျောက်ခဲ့ကြသလို ရဲတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ဒီဆန္ဒပြမှုကို Generation Z အဖွဲ့က စတင်စုဝေးခဲ့တာဖြစ်ပြီး ပြည်သူတွေ အကြမ်းဖက်မှုကနေ ကာကွယ်ဖို့၊ မြို့တော်ဝန် မန်ဇို လုပ်ကြံခံရမှုတွေနဲ့ပတ်သက်လို့ ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေက မက္ကဆီကိုအလံတွေ ဝှေ့ယမ်းခဲ့ပြီး လုံခြုံရေးယိုယွင်းမှုနဲ့ အစိုးရရဲ့ လာဘ်စားမှုကို စိတ်ပျက်မိကြောင်း ဖော်ပြခဲ့ကြပါတယ်။
Source: Reuters


