
ချဲလ်ဆီးကွင်းလယ်ကစားသမား ပါလ်မာဟာ အသင်းရဲ့ ရှေ့လာမယ့် အရေးကြီးတဲ့ ပွဲစဉ် ၃ ပွဲ ထပ်မံ လွဲချော်မယ်လို့သိရ ပါတယ်။
ပါလ်မာဟာ ပေါင်ခြံဒဏ်ရာကြောင့် ၂ လ လောက် အနားယူခဲ့ရပြီးနောက် အခုတပတ်အတွင်းမှာ ပြန်ကစားနိုင်တော့မှာဖြစ်ပေမဲ့ ခြေချောင်းဒဏ်ရာထပ်ရခဲ့တာကြောင့်နောက်ထပ် ၂ ပတ်လောက် အနားယူရဖို့ ဖြစ်လာခဲ့တာပါ။
ပါလ်မာဟာ နေအိမ်ရှိ တံခါးတခုကို ကျော်ဖြတ်ရာမှာ ခြေချောင်းထိပ်နဲ့ တိုက်မိပြီး ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် ၂ ပတ်လောက် အနားယူရဖို့ ဖြစ်လာခဲ့တာပါ။
အဲဒီအခြေအနေကို ချဲလ်ဆီးနည်းပြမာရက်စ်ကာကလည်း အတည်ပြုခဲ့ပြီး ပါလ်မာဟာ အခုတပတ်ကစားရမယ့် ဘန်လေနဲ့ပွဲစဉ်အပါအဝင် ဘာစီလိုနာ၊ အာဆင်နယ်အသင်းတွေနဲ့ပွဲတွေကို သေချောပေါက် လွဲချော်မယ်လို့ အတည်ပြုပါတယ်။
မိမိအနေနဲ့ ညဘက်အိပ်ယာနိုးချိန်တိုင်းမှာ ဦးခေါင်း၊ ခြေထောက်နဲ့ အစိတ်အပိုင်းအားလုံး နာကျင်မှု ဝေဒနာခံစားရလေ့ရှိပြီး ပါလ်မာနေအိမ်မှာ ဒဏ်ရာရရှိသွားတာကလည်း ဖြစ်လေ့ဖြစ်ထရှိကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
Photo:Reuters


