
ဗီယက်နမ်အလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၄၁ ယောက်ထက်မနည်း သေဆုံးခဲ့ကာ ၉ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ရေကြီးမှုကြောင့် အိမ်ပေါင်း ၅၂,၀၀၀ ကျော် ရေမြုပ်ခဲ့ပြီး အိမ်ခြေသန်းနဲ့ချီ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့လည်း ဆိုပါတယ်။
တချို့နေရာတွေမှာ ၃ ရက်အတွင်း ၅ ပေအထိ နစ်မြုပ်ခဲ့ကာ ၁၉၉၃ ခုနှစ် ရေကြီးမှုနောက်ပိုင်း အဆိုးဆုံး ဖြစ်လာပါတယ်။
ရေကြီးမှုကို အဆိုးဆုံးခံရတဲ့ နေရာတွေကတော့ ဟွိုင်အန်နဲ့ နာထရန်ဒေသတွေ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ကယ်မဲဂီနဲ့ ဘူအာလွိုင် တိုက်ဖွန်းမုန်တိုင်း ၂ လုံး ဝင်ရောက်ခဲ့တဲ့ဒဏ် ခံစားခဲ့ရပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုတွေနဲ့ပါ ဆက်ပြီး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ရေတဖြည်းဖြည်းမြင့်တက်လာတာကြောင့် ဒေသခံတွေဟာ အိမ်ခေါင်မိုးပေါ်တက်နေရတဲ့ ပုံရိပ်တွေကို ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
ဒီနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၂ ဘီလီယံအထိ ရှိတယ်လို့ ဗီယက်နမ်အစိုးရက ထုတ်ပြန်ထားပါတယ်။
ရေကြီးမှုကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး စစ်တပ်နဲ့ ရေတပ်ဖွဲ့တွေက အရေးပေါ်ကယ်ဆယ်ရေးတွေ ကူညီနေပါတယ်။
Source:Reuters


