
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုဝင်ဘာ ၂၁ ရက်က ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၇ ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ကြောင်း ဂျာမန်ဘူမိသိပ္ပံသုတေသနဌာန (GFZ) က ပြောကြားခဲ့ပြီး မြို့တော် ဒါကာရှိ ဒေသခံတွေဟာ အဆောက်အအုံတွေကနေ လမ်းတွေပေါ်ကို အပြေးအလွှား ထွက်ခွာခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံရှိ အရှေ့ပိုင်းပြည်နယ်တွေမှာလည်း ငလျင်ကြောင့် တုန်ခါမှုတွေကို ခံစားခဲ့ရပေမဲ့ ပျက်စီးဆုံးရှုံးမှု သတင်းတွေကိုတော့ ချက်ချင်းမကြားသိရကြောင်း အာဏာပိုင်တွေက ပြောကြားပါတယ်။
ငလျင်ဗဟိုချက်ဟာ မြို့တော်ဒါကာမှ ၄၀ ကီလိုမီတာ (၂၅ မိုင်) အကွာရှိ နာဆင်းဒီမြို့မှာ ရှိကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက ထုတ်ပြန်ပါတယ်။
ဂျာမန်ဘူမိသိပ္ပံသုတေသနဌာန (GFZ) ရဲ့ အဆိုအရ ငလျင်ဟာ ၁၀ ကီလိုမီတာ (၆ မိုင်) အနက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


