
ဥရောပဇုန်ကမ္ဘာ့ဖလား ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ရာမှာ နာမည်ကြီး အီတလီအသင်းက မြောက်အိုင်ယာလန်အသင်းနဲ့ တွေ့ဆုံပါတယ်။
ပလေးအော့ဖ်အဆင့်မှာ ခြေစစ်ပွဲအုပ်စုအဆင့်မှာ ဒုတိယရရှိခဲ့ကြတဲ့ အသင်း ၁၀ သင်းနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲကတဆင့် အုပ်စုပထမ ရရှိခဲ့တဲ့အသင်းတွေထဲက အဆင့်အမြင့်ဆုံး ၄ သင်း စုစုပေါင်း ၁၆ သင်းကို လမ်းကြောင်း ၄ ခု ခွဲပြီးယှဉ်ပြိုင်ကစားကြမှာပါ။
လမ်းကြောင်း A မှာ အီတလီနဲ့ မြောက်အိုင်ယာလန်၊ ဝေးလ်နဲ့ ဘော့စနီးယားတို့ တွေ့ဆုံနေပြီး အနိုင်ရတဲ့ ၂ သင်းက ပလေးအော့ဖ်ဗိုလ်လုပွဲထပ်မံကစားပြီး ကမ္ဘာ့ဖလားဝင်ခွင့် တနေရာအတွက် အပြိုင်လုကြရမှာပါ။
လမ်းကြောင်း B မှာ ယူကရိန်းနဲ့ ဆွီဒင်၊ ပိုလန်နဲ့ အယ်လ်ဘေးနီးယားတို့ တွေ့ဆုံနေပြီး လမ်းကြောင်း C မှာ တူရကီနဲ့ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနဲ့ ကိုဆိုဗို တို့ တွေ့ဆုံပါတယ်။
လမ်းကြောင်း D မှာတော့ ဒိန်းမတ်နဲ့ မြောက် မက်ဆီဒိုးနီးယား၊ ချက်နဲ့ အိုင်ယာလန်နဲ့ တွေ့ဆုံပါတယ်။
မြောက်အိုင်ယာလန်၊ ဆွီဒင်၊ ရိုမေးနီးယားနဲ့ မြောက်မက်ဆီဒိုးနီးယားအသင်းတွေက ခြေစစ်ပွဲအုပ်စု အဆင့်မှာ ပလေးအော့ဖ်ကစားခွင့်မရခဲ့ကြပေမဲ့ နေးရှင်းလိဂ်အဆင့်သတ်မှတ်ချက်အရ ပလေးအော့ဖ်ကစားခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။
Photo:Reuters


