Home
အားကစား
ဆီမီးဖိုင်နယ်ပွဲအတွက် အသင့်ဖြစ်နေပြီဟု အင်္ဂလန်နောက်ခံလူ လုခ်ရှောပြော
DVB
·
July 9, 2024
Photo -REUTERS

ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲထွက်ကစားဖို့ အသင့်ဖြစ်နေပြီလို့ အင်္ဂလန်နောက်ခံလူ လုခ်ရှောကပြော သွားပါတယ်။

ဘယ်နောက်ခံကစားသမားဟာ ဒဏ်ရာပြဿနာတွေကြောင့် အုပ်စုပွဲတွေနဲ့ ၁၆ သင်းအဆင့် ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် လူစားဝင်ကစားခွင့်ရခဲ့သူပါ။

ဟော်လန်အသင်းနဲ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပွဲထွက်ကစားဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လုခ်ရှောက  ပြောခဲ့တာပါ။

လုံလောက်တဲ့ ကြံ့ခိုင်မှုရရှိနေပြီဖြစ်တဲ့အတွက် ပွဲထွက်ကစားဖို့ အသင့်ရှိပေမဲ့ နည်းပြဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကသာ အဓိကဖြစ်ကြောင်း လုခ်ရှောက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ကစားခဲ့သမျှ ပွဲစဉ် ၅ ပွဲမှာ ညာနောက်ခံလူ ထရစ်ပီယာကို ဘယ်နောက်ခံလူနေရာမှာ အသုံးပြုခဲ့တာပါ။

လုခ်ရှော ပြန်ကစားနိုင်ပြီဖြစ်တာကြောင့် ပွဲထွက်ခွင့်ရ၊ မရက နည်းပြဆောက်ဂိတ် အပေါ်မှာပဲ မူတည်နေပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024