
ပွဲစဉ် ၁၁ ပြီးဆုံးချိန်အထိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား ၃ ယောက်ကို အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ရွေးချယ်သွားပါတယ်။
Amazon Prime Sport ရဲ့ ရုပ်သံအစီအစဉ်မှာ ဝိန်းရွန်နီက ရွေးချယ်ခဲ့တာဖြစ်ပြီး ၁၄ ဂိုး သွင်းထားတဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်း ပါဝင်ခြင်းမရှိပါဘူး။
ဝိန်းရွန်နီရဲ့ ရွေးချယ်မှုမှာ ပထမဆုံးပြောသွားတာက ဘုန်းမောက် တောင်ပံကစားသမား အန်တိုနီ ဆမ်မန်ညို ဖြစ်ပြီး မနှစ်ကစွမ်းဆောင်ရည်ကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့သူဖြစ်ကြောင်း ချီးကျူးပါတယ်။
နောက်ထပ်တယောက်က မန်ယူတိုက်စစ်ကစားသမား အမ်ဘူမို ဖြစ်ပြီး သူဟာ အခက်ခဲဆုံး အချိန်မှာ ယူနိုက်တက်ကို ထမ်းတင်ပေးခဲ့သူဖြစ်တယ်လို့ ရွန်နီက ပြောပါတယ်။
နောက်ဆုံးတယောက်က အာဆင်နယ်တိုက်စစ်မှူး ဗစ်တာယိုကရက်စ် ဖြစ်ပြီး အာဆင်နယ် ပရိသတ်တွေ နှစ်ပေါင်းများစွာ အလိုရှိနေတဲ့ နံပါတ် ၉ တိုက်စစ်မှူး ဖြစ်ကြောင်းနဲ့ ယိုကရက်စ်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လုပ်အားနှုန်း အပါအဝင် အသင်းဖော်တွေကို နေရာလွတ်တွေ ရှာဖွေမှုမှာလည်း ကောင်းမွန်သူဖြစ်ကြောင်း ရွန်နီက ချီးကျူးသွားပါတယ်။
Photo:Reuters


