
ဆန်းဒါးလန်းအသင်းက ကွင်းလယ်လူ ချာကာကို ခေါ်ယူခဲ့တာက အခုနှစ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခေါ်ယူမှု ဖြစ်နိုင်ကြောင်း ဝိန်းရွန်နီက သုံးသပ်သွားပါတယ်။
ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဟာ မနှစ်က လီဗာကူဆင်မှာ ကစားခဲ့ပြီး တန်းတက် ဆန်းဒါးလန်းအသင်းဆီ ပြောင်းရွှေ့လာခဲ့သူပါ။
အသင်းကို ရောက်ရောက်ချင်းမှာပဲ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ချာကာဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ၇ နှစ်ကြာ ဖြတ်သန်းခဲ့သူပါ။
ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ် ၁၁ ပွဲ အပြီးမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ချာကာရဲ့ ဦးဆောင်နိုင်မှုက အရေးပါတဲ့အချက် ဖြစ်ခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ် ကစားသမားတယောက် ပရီးမီးယားလိဂ်ဆီ ပြန်လာပြီး တန်းတက်အသင်းတသင်းကို ရွေးချယ်ခဲ့တာက ထူးခြားကြောင်း၊ ချာကာဟာ အခုနှစ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးသောခေါ်ယူမှု ဖြစ်နိုင်ကြောင်း ဝိန်းရွန်နီက ပြောသွားပါတယ်။
Photo:Reuters


