
အာဆင်နယ်ကစားသမားဟောင်း ဂရာနစ်ချာကာဟာ တန်းတက် ဆန်းဒါးလန်းအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်ရှိ ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဟာ ဂျာမန် ကလပ် လီဗာကူဆင်မှာ ကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။
ချာကာကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေအပြင် အေစီလန်ကလည်း ခေါ်ယူလိုပေမဲ့ ဆန်းဒါးလန်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။
ဂရစ်နစ်ချာကာဟာ ပရီးမီးယားလိဂ်မှာပြန်ကစားဖို့ ဆန္ဒရှိနေပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားချင်တာကြောင့် ဆန်းဒါးလန်းအသင်းဆီ ပြောင်းရွှေ့ဖို့ အခြေခံအချက်တွေ သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း ချာကာရဲ့အေးဂျင့် နော့ဂူယာက အတည်ပြုသွားပါတယ်။
ချာကာဟာ အာဆင်နယ်မှာ ၂၀၁၆ ကနေ ၂၀၂၃ ခုနှစ်အထိ ၇ နှစ်ကြာ ပါဝင်ကစားခဲ့ပြီး လီဗာကူဆင်မှာ ၂ နှစ်ကစားခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Photo:Reuters