Home
အားကစား
ဟန်ဒါဆန်ကို ၁၅ နှစ်အကြာမှ ပြန်လည်ခေါ်ယူရန် ဆန်းဒါးလန်း ကြိုးပမ်း
DVB
·
July 12, 2025
Photo :Reuters

တန်းတက်ဆန်းဒါးလန်းအသင်းဟာ အသင်းရဲ့အကယ်ဒမီကနေ မွေးထုတ်​ပေးခဲ့တဲ့ ဂျော်ဒန် ဟန်ဒါဆန်ကို ၁၅ နှစ်အ​ကြာမှာ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ 

အင်္ဂလန်ကွင်းလယ်လူဟာ ဟော်လန်ကလပ် အိုင်းယက်စ်မှာ ၂ ရာသီကြာ ကစားခဲ့ပြီး​နောက် ၂ ဦးသ​ဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ 

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဟန်ဒါဆန်ဟာ  ဆန်းဒါးလန်းလူငယ်အသင်းကနေ ပေါ်ထွက်လာသူ ဖြစ်ပြီး ၂၀၁၁  ခုနှစ်က လီဗာပူး အသင်းဆီ ပြောင်းရွှေ့သွားခဲ့ကာ  ၂၀၂၃ ခုနှစ်မှာ ဆော်ဒီကလပ် အယ်အစ်တီဖက်မှာ ကာလတို ကစားခဲ့ပါသေးတယ်။ 

ဆန်ဒါးလန်းအသင်းကို ပြင်သစ်နည်းပြ လီဘရစ်က တာဝန်ယူနေပြီး  ကစားသမားအပြောင်းအရွေ့အတွက် ပေါင်သန်း ၁၀၀ ကျော် အသုံးပြုထားပြီးဖြစ်ပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013