
တိုက်စစ်မှူး ဝဲလ်ဘက်ကို မန်ယူအသင်းမှာ ပြန်လည်မြင်တွေ့ချင်ကြောင်း အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ပြောပါတယ်။
ဝိန်းရွန်နီဟာ အက်ဖ်အေဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွေကို BBC ကနေ သုံးသပ်တင်ဆက်ခဲ့ပြီး ဘရိုက်တန်အသင်းအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ အသင်းဖော်ဟောင်း ဝဲလ်ဘက်ကို ချီးကျူးပြောကြားခဲ့တာပါ။
ဝဲလ်ဘက်ဟာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
ဝဲဘက်ဟာ သူ့ရဲ့ ကစားသမားဘဝတလျှောက် သွင်းဂိုးတွေ အများအပြားသွင်းခဲ့ပြီး ဒဏ်ရာပြဿနာတွေလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အခုနှစ်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး မန်ချက်စတာယူနိုက်တက်မှာ ပြန်လည်မြင်တွေ့ချင်ကြောင်း ဝိန်းရွန်နီက ပြောပါတယ်။
ဝဲဘက်ဟာ ပရီးမီးယားလိဂ်မှာ ၁၇ ပွဲ ပွဲထွက်ကစားခဲ့ရာမှာ ၇ ဂိုးသွင်း၊ ၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပြီး လက်ရှိ မန်ယူအသင်းက ကစားသမားတွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပြသနေတာပါ။
သူဟာ မန်ယူအသင်း အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။