
မန်ယူအသင်းရဲ့ အဓိကရည်မှန်းချက်က ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ရေး ဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
အက်ဖ်အေဖလားပြိုင်ပွဲမှာ ဖူဟမ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ထွက်ခွာခဲ့အပြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့က အဓိကရည်မှန်းချက်ဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောခဲ့တာပါ။
အခုနှစ် ဘောလုံးရာသီမှာ ဆုဖလားလက်မဲ့ ဖြစ်သွားပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးက အဓိကရည်မှန်းချက်ဖြစ်ပြီး ဘယ်လောက်အချိန်ယူရမလဲ ဆိုတာကတော့ မသိနိုင်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
မန်ယူနဲ့ ဖူဟမ်ပွဲစဉ်ကို BBC ကနေ သုံးသပ် တင်ဆက်ခဲ့တဲ့ မန်ယူဂန္ထဝင် ဝိန်းရွန်နီကတော့ အဆင့် ၁၄ နေရာက အသင်းတသင်းအနေနဲ့ ဘယ်လိုစိန်ခေါ်နိုင်မှာလဲလို့ မေးခွန်းထုတ်ခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့်မြင့်တက်နိုင်ရေးသာ ဦးစွာရည်မှန်းသင့်ပြီး နုံချာတဲ့ ပြောစကား ဖြစ်ကြောင်း ဝေဖန်ပါတယ်။
ဝိန်းရွန်နီရဲ့ မှတ်ချက်အပေါ် အာမိုရင်ကလည်း ပြန်လည်တုံ့ပြန်သွားခဲ့ပြီး မိမိဟာ နုံချာတဲ့သူ မဟုတ်လို့ အသက် ၄၀ အရွယ်နဲ့ မန်ယူနိုက်တက်နည်းပြ ဖြစ်နေတာလို့ ပြောသွားပါတယ်။