
အသင်းတသင်းကို တာဝန်ယူဖို့ အစီအစဉ်မရှိသေးကြောင်း မန်ယူနည်းပြဟောင်း အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
ဟော်လန်နည်းပြဟာ ပြီးခဲ့တဲ့အောက်တိုဘာလက မန်ယူအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်အထိ အသင်းလက်မဲ့ ဖြစ်နေတာပါ။
အနာဂတ်မှာ လုပ်စရာကိစ္စတွေ အများကြီးရှိပေမဲ့ အသင်းတသင်းကို တာဝန်ယူဖို့ လတ်တလော အစီအစဉ်မရှိသေးကြောင်း၊ မိသားစုစီးပွားရေးကုမ္ပဏီရှိတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတာ ပျော်ရွှင်နေကြောင်း အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
အဲရစ်တန်ဟတ်ဂ်ရဲ့ ဖခင်ဖြစ်သူဟာ ၁၉၆၇ ခုနှစ်ကတည်းက အိမ်ခြံမြေလုပ်ငန်း စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ ဟော်လန်နိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ကုမ္ပဏီတခုအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။
တခြားဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေလည်း ရှိပြီး အဲရစ်တန်ဟတ်ဂ်ရဲ့ ညီအစ်ကိုတွေက တာဝန်ယူ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။