
မန်ယူအသင်းအနေနဲ့ အဲဗာတန်အသင်းနည်းပြမိုယက်စ်နဲ့ ကစားသမားတွေလုပ်ဆောင်ပြသနိုင် စွမ်းဆောင်နိုင်သင့်ကြောင်း နည်းပြရူဘင်အာမိုရင်က ပြောသွားပါတယ်။
အဲဗာတန်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက်အသင်းရဲ့ ပြောင်းလဲလာတဲ့ ခြေစွမ်းအပေါ် နည်းပြအာမိုရင်က ချီးကျူးခဲ့ပြီး မန်ယူအသင်းအနေနဲ့လည်း အလားတူလုပ်ဆောင်နိုင်သင့်ကြောင်း သုံးသပ်ခဲ့တာပါ။
ဒေးဗစ်မိုယက်စ်ဟာ မိမိထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး လုပ်ဆောင်နေတယ်ဆိုတာ ရိုးရှင်းကြောင်း၊ အသင်းကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ပြီး ယုံကြည်ချက်တွေ ထည့်သွင်းပေးခဲ့တာက အံ့အားသင့်စရာကောင်းကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
မိုယက်စ်ဟာ မန်ယူအသင်းကနေ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွါစဉ်က ပထမဆုံး အစားထိုးတာဝန်ယူခဲ့သူဖြစ်ပြီး ဆာအဲလက်စ်ရဲ့ နေရာကို အစားထိုးနိုင်ဖို့က ခက်ခဲတယ်ဆိုတာ နားလည်လက်ခံသွားရမှာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
Photo: Reuters