
မန်ယူအသင်းမှာ ပွဲကစားခွင့် နည်းပါးလာပေမဲ့ စာချုပ်သက်တမ်းကုန်တဲ့အထိ အသင်းမှာဆက်ရှိ ချင်ကြောင်း ကွင်းလယ်လူ ကတ်စမီရိုက ပြောသွားပါတယ်။
အသက် ၃၃ နှစ်ရှိ ဥရောပချန်ပီယံလိဂ် ဆုဖလား ၅ ကြိမ်ရရှိထားသူ ကတ်စမီရိုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စွမ်းဆောင်ရည်ကျဆင်းလာခဲ့ပြီး နည်းပြအာမိုရင်လက်ထက်မှာလည်း အရန်ကစားသမားအဖြစ် သတ်မှတ်ခံထားရတာပါ။
မိသားစုဝင်တွေဟာလည်း မန်ချက်စတာမှာ အသားကျနေပြီဖြစ်သလို စာချုပ်သက်တမ်း တနှစ်ခွဲကျန်သေးတာကြောင့် အသင်းမှာဆက်ရှိချင်ကြောင်း ကတ်စမီရိုကပြောပါတယ်။
အသင်းမှာ ပျော်ရွှင်နေပေမဲ့ ပွဲထွက်ခွင့် မရတဲ့အပေါ်မှာတော့ အကောင်းဆုံးကြိုးစားပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း၊ အသင်းရဲ့ အခက်ခဲဆုံးအချိန်မှာ တတ်နိုင်တဲ့ဘက်ကနေ ကူညီသွားချင်ကြောင်းလည်း ကတ်စမီရိုက ပြောသွားပါတယ်။
Photo: Reuters