
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီအတွက် ကစားသမားသစ် ဝယ်ယူဖို့ ဆိုရင် လက်ရှိ ရှိတဲ့ကစားသမားတွေကို အရင်ရောင်းချသွားဖို့ လိုအပ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၃ မှာရပ်တည်နေပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘယ်နောက်ခံလူ ဒေါ်ဂူအတွက် ပေါင်သန်း ၂၀ လောက်သာ အသုံးပြုခဲ့တာပါ။
အသင်းတာဝန်ရှိသူတွေဘက်က စပွန်ဆာသစ်ရဖို့ ကြိုးပမ်းနေသည့်တိုင် ကစားသမားတွေကို အရင်ရောင်းချနိုင်မှသာ ကစားသမားသစ် ဝယ်ယူနိုင်မယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။
မန်ယူအသင်းမှာ ကွင်းလယ်လူ အဲရစ်ဆင်နဲ့ နောက်ခံလူ လင်ဒီလော့ဖ်တို့ဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဆန်ချိုဟာလည်း ချဲလ်ဆီးအသင်းနဲ့ အပြီးသတ် စာချုပ် ချုပ်ဖို့ရှိပါတယ်။
ဒါပေမဲ့ လုပ်ခအများဆုံးကစားသမားတွေဖြစ်ကြတဲ့ ကတ်စမီရို၊ ရက်ရှ်ဖို့ဒ်၊ အန်တိုနီတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားရမှာဖြစ်ပြီး ကိုဘီမိန်နူးနဲ့ ဂါနာချိုတို့ကိုလည်း ရောင်းထုတ်ရနိုင်တယ်လို့ သိရပါတယ်။