Home
အားကစား
အန်တိုနီ အသင်းသစ် ဘက်တစ်အတွက် သွင်းဂိုးစတင်ရရှိ
DVB
·
February 10, 2025
Photo: REUTERS/Molly Darlington

မန်ယူကစားသမားဟောင်း အန်တိုနီဟာ အသင်းသစ် ဘက်တစ်အတွက် သွင်းဂိုး စတင်ရရှိခဲ့ပါတယ်။

ဆယ်တာဗီဂိုကို  ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပွဲအစ ၁၀ မိနစ်မှာပဲ အန်တိုနီက ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာပါ။ 

မန်ယူအသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတဲ့ ဘရာဇီးသားဟာ အသင်းသစ်နဲ့  ၂ ပွဲမြောက်ပွဲစဉ်မှာ ဂိုးစတင်သွင်းယူနိုင်ခဲ့တာပါ။

ဘက်တစ်အသင်းဟာ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ပြိုင်ဘက် ဆယ်တာဗီဂိုက ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ သွင်းယူသွားခဲ့တာပါ။

အန်တိုနီဟာ ရက်ပေါင်း ၂၈၇ ရက်အတွင်းမှာ ပထမဆုံးအကြိမ် လိဂ်ပြိုင်ပွဲ သွင်းဂိုးရရှိခဲ့တာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်က ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာ နောက်ဆုံးသွင်းဂိုးရရှိခဲ့တာပါ။

၂၀၂၂ ခုနှစ်က ဟော်လန်ကလပ် အိုင်းယက်စ်ကနေ ပေါင် ၈၆ သန်းလောက်နဲ့ ပြောင်းရွှေ့လာတဲ့ အန်တိုနီဟာ  မန်ယူအတွက် ပြိုင်ပွဲစုံ ၉၆ ပွဲ ကစားပြီး ၁၂ ဂိုးသွင်းပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024