
ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူလူငယ်တိုက်စစ်ကစားသမား ဂါနာချိုကို မခေါ်ယူနိုင်ခဲ့တာက ကစားသမားဘက်က လုပ်ခလစာ တိုးမြှင့်တောင်းဆိုတာကြောင့်ဖြစ်တယ်လို့ နာပိုလီ အားကစားဒရိုက်တာက ပြောသွားပါတယ်။
နာပိုလီအသင်းဟာ တောင်ပံကစားသမား ခွာရတ်ခယ်လီယာကို ပီအက်စ်ဂျီ ဆီရောင်းချခဲ့ပြီးနောက် ဂါနာချိုနဲ့ အစားထိုးဖို့ ကြိုးပမ်းခဲ့တာပါ။
ဂါနာချိုကို အမှန်တကယ် ခေါ်ယူလိုတာကြောင့် မန်ချက်စတာယူနိုက်တက်ဆီကို အရေးပါတဲ့ ကမ်းလှမ်းမှုတခု လုပ်ဆောင်ခဲ့ကြောင်း၊ ဂါနာချိုနဲ့ သဘောတူညီမှုမရခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာဖြစ်ကြောင်း အားကစား ဒါရိုက်တာ ဂျီယိုဗန်နီမန်နာက ပြောပါတယ်။
အလက်ဂျန်ဒရိုဘက်က အရေးပါတဲ့ လုပ်ခနှုန်းထားတခု တောင်းဆိုခဲ့ပြီး အသင်းရှိ ကစားသမားတွေအပေါ် လေးစားမှုရှိရမှာဖြစ်လို့ လက်မခံခဲ့တာဖြစ်တယ်လို့ နာပိုလီ အားကစားဒါရိုက်တာ မန်နာက ပြောသွားပါတယ်။