
အပြောင်းအရွှေ့မပိတ်ခင်မှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ မန်ယူနည်းပြအာမိုရင်က ပြောသွားပါတယ်။
ဖေဖော်ဝါရီ ၂ ရက် မနေ့ညက ကစားသွားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တိုက်စစ်မှူး မဖြစ်မနေခေါ်ယူသွားမယ်လို့ နည်းပြအာမိုရင်က ပြောခဲ့တာပါ။
အတိတ်ကလို ခေါ်ယူမှု အမှားတွေ မဖြစ်စေဘဲ အသင်းကို တိုးတက်မှုရှိလာအောင် အရာအားလုံး လုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီး အသင်းရဲ့အခြေအနေကိုလည်း သိမြင်တာကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။
ဒါပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဟာ မှန်ကန်တဲ့ ကစားသမားခေါ်ယူဖို့ ခက်ခဲတဲ့ အပြောင်းအရွှေ့ဖြစ်ပြီး အသင်းရဲ့ အတိတ်ကာလက အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုအပ်ကြောင်း နည်းပြအာမိုရင်က မှတ်ချက်ပေးသွားပါတယ်။