
မန်ယူအသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း လူငယ်ကစားသမား ဂျီယိုဗန်နီကမ်ဒါကို ခေါ်ယူဖို့ ပေါင်သန်း ၅၀ နဲ့ အကြိုသဘောတူညီမူရရှိထားတယ်လို့သိရပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင် ညာတောင်ပံ ကစားသမားဟာ အခုနှစ်ရာသီ ပေါ်တူဂီလိဂ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိလာတာနဲ့အတူ စွမ်းဆောင်ရည် ကောင်းပြသနေသူပါ။
အသက် ၁၈ နှစ်မပြည့်သေးပေမဲ့ စီနီယာအသင်းနဲ့အတူ စုစုပေါင်း ၃၄ ပွဲထိကစားထားပြီး ၂ ဂိုး သွင်း ၄ ကြိမ် ဂိုးဖန်တီးထားတာကြောင့် မန်ယူအသင်းက တခြားအသင်းတွေထက် လက်ဦးမှုရယူပြီး အကြိုသဘောတူညီမှု ရရှိထားတာလို့ သိရပါတယ်။
ကမ်ဒါဟာ ထူးချွန်တဲ့ကစားသမားဖြစ်ပြီး အသက် ငယ်ရွယ်သေးပေမဲ့ စီနီယာကစားသမား တယောက်လို ရင့်ကျက်မှုနဲ့ နားလည်မှုရှိကြောင်း နည်းပြ အာမိုရင်ကချီးကျူးခဲ့ဖူးပါတယ်။
ကမ်ဒါဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကြီးအတွက်လည်း တကြိမ် ရွေးချယ်ခံခဲ့ရပါသေးတယ်။
Photo: Reuters